ကရုဏာရောင်ခြည်စဥ်ဖြာ
သို့သော် ကမ်းဘေးရှိအလင်းကို၊
ကျွန်ုပ်တို့ ထွန်းရန်မိန့်ဆို။
ကမ်းဘေးရှိမီးများလင်းစေ၊
ပင်လယ်လှိုင်းကျော်၍လင်းစေ။
မေ့မြောနီးပါး ကူးနေသူအား၊
ကယ်ဆယ်ချမ်းသာပေးနိုင်ရာ။
ပြစ်မှောင်မိုက်ည သက်ဆင်းရောက်လာ၊
ကြောက်မက်ဖွယ်လှိုင်းများလိမ့်လာ၊
ကူးသူများ ကမ်းရှိအလင်းကို၊
တသမျှော်ကြည့်လျှက်နေကြ။
သင်၏ မှိန်သောမီးခွက် ပြင်လေ၊
လှိုင်းခတ်၍ လူအချို့မျှောနေ၊
ဆိမ်ကမ်းသို့ ရောက်ရန်ကြိုးစားစဥ်၊
မှောင်တွင်းသက်ဆုံးမည်စိုးပေ။